Next ကိုနှိပ်ပါ။မရွေးလည်း ရပါတယ်။Next ကိုနှိပ်ပါComplete Registration ကိုနိပ်ပါ။
Sign Up လုပ်ပြီးပါပြီ Activate လုပ်ရန် အတွက် မိမိအကောင့် ဖွင့်ခဲ့သော Email ထဲသို့ ဝင်ပါ ။ Premier League မှ Activate လုပ်ရန် Mail ဝင်နေပါလိမ့်မယ် ။မတွေ့ရပါက Mail Spam list ထဲသို့ ဝင်ကြည့်ပါ။
ကိုယ်ဘော်ဒါ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သီးသီးသန့်သန့်ကစားမယ်ဆိုရင်တော့ ကိုယ်ပိုင် League တခုရှိဖို့လိုအပ်ပါတယ်။ Public League နဲ့ Private League ဆိုပြီး နှစ်မျိုးရှိပါတယ်။ Public League ကတော့ Official ကလုပ်ပေးထားတာကြောင့် အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ Private league ဆိုရင်တော့ ကစားမယ်ဆို league code လိုပါတယ်။ ဒီနေရာမှာ တခုပြောချင်တာက Public ပဲဖြစ်ဖြစ် Private ပဲဖြစ်ဖြစ် ကစားနည်းနှစ်နည်းနဲ့ ကစားလို့ရပါတယ်။ Classic နဲ့ Head to Head ဆိုပြီးတော့ပါ။
CLASSIC
League ထဲက အသင်းတွေရဲ့ အမှတ်အများဆုံးကနေစပြီး ကြီးစဥ်ငယ်လိုက် စီတာပါ
Classic Table
GW ကတော့ လက်ရှိပွဲ ရမှတ်ဖြစ်ပြီး TOT ကတော့ ပွဲစဥ် အားလုံးပေါင်း ရမှတ်ပါ။ Fantasy Premier League ကနေ Week Prize ကနေ ပွဲစဥ်အပြီး Overall Prizes ကို အခုရမှတ်ကနေ ပေးတာဖြစ်ပါတယ်။ ဆုဘယ်လိုပေးလဲဆိုတာကိုတော့ https://fantasy.premierleague.com/prizes မှာ အသေးစိတ် ကြည့်လို့ရပါတယ်။
HEAD TO HEAD ( H2H )
League ထဲက အသင်းတွေကို ပွဲစဥ်ဇယား တခုဆွဲပြီးတော့ အသင်းလိုက် ထိပ်တိုက်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ England Premier League ပွဲစဥ် ၃၈ ပွဲအတိုင်း ကိုယ်အသင်းက Game week ဘယ်လောက်မှာ ဘယ်အသင်းနဲ့ ပြိုင်ရမလဲဆိုတာကို ပွဲစဥ်ဇယားဆွဲပေးထားတာ ဖြစ်တာကြောင့် ကြိုတင်ခန့်မှန်းပြီး ကစားလို့ရတာမို့ H2H ကလူကြိုက်များပါတယ်။
H2H Game week result H2H ရဲ့ အမှတ်ပေးဇယား တခုပါ
H2H က အခုလိုပုံစံပါ။
Public League ကစားမယ်
Browser တခုခုမှနေ၍ Login ဝင်ပြီးသွားပြီဆိုရင် More ထဲဝင်ပြီး Leagues ကိုရွေးပါ။
For Browsers For Browser
Join public league ကိုရွေးပါ။
For Browser
Join classic league သို့ Join Head to Head ကြိုက်နှစ် သက်ရာရွေးပါ။ သတိထားရမှာက နှစ်ခုပေါင်း ၅ ခုပဲ ကစားလို့ရမှာကိုပဲ ဖြစ်ပါတယ်။
Public ကို League ခြောက်ခုမှာ ကစားခွင့်ပေးထားတယ် ဆိုပေမဲ့လည်း Global Leagues ကို Auto Join ထားတာဖြစ်တဲ့အတွက် နောက်ထပ် ငါးခုသာ ချိတ်လိုရတာဖြစ်ပါတယ်။
Classic သို့ Head to Head နှစ်မျိုးပေါင်း ငါးခုကိုရွေးပြီး ကစားနိုင်ပါပြီ။
Private League
Public ဝင်သည် ပုံစံနှင့် တူတူဖြစ်ပါသည်။ Private League လုပ်ပါက Browser ကနေသာ ဝင်ပါ ။ login >> More >> league >>Create and join new league စသဖြင့် ဝင်ပါ။
မိမိကစားလိုတဲ့ ကစားနည်းကိုရွေးပါ ။ Create classic league သို့ Create head-to-head league
Private Classic League
League name နေရာမှာ ကြိုက်နှစ်သက်ရာ အမည် ထည့်ပါ။ Create league ကို နှိပ်ပါ။
Private H2H League
League name ထည့်ပါ။ Game week1 မှ မှီခဲ့လျင် Game week 1 ကိုရွေးပါ ၊မမှီခဲ့လျင်လည်းစမည့် Game week တခုကို ရွေးပါ။ Maximum size မှာ ကစားမည့် အသင်းအရေအတွက်ကို ထည့်ပါ ၁၆ သင်း အထက် ကစားမည်ဆိုပါက Unlimited ကို ရွေးပါ ။
Knockout rounds ( None )
None ကို ရွေးထားပါက England Premier League Table ကဲသို့ အသင်းအားလုံးက ပွဲစဥ် ၃၈ ပွဲပြီးတဲ့အထိ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Fantasy Premier League ကို Sign Up လုပ်ပြီးလို့ Login ဝင်လိုက်ပြီ ဆိုတာနဲ့ ပေးထားတဲ့ ငွေ ၁၀၀ နဲ့ ကစားသမား ၁၅ ယောက်ဝယ်ယူရမှာ ဖြစ်ပါတယ်။ Sign Up မလုပ်ရသေးပါက အောက်ပါ Link များမှ ကြည့်ပြီး လုပ်နိုင်ပါတယ်။
သတ်မှတ်ငွေ ၁၀၀ ထက်ပိုမို ရွေးချယ်ထားမယ် (သို့) Premier League တသင်းထဲကမှ ကစားသမား သုံးဦးထက် ပိုမို ရွေးထားမယ် ဆိုပါက Enter Squad ကို နှိပ်လို့ ရမည်မဟုတ်ပါ။ အားလုံးမှန်မှန်ကန်ကန် ရွေးချယ်ပြီးပါက Enter Squad ကို နှိပ်လိုက်ပါ ။ အသင်းအတွက် ကစားသမား ရွေးချယ်မှု အောင်အောင်မြင်မြင် ပြီးသွားပြီ ဖြစ်ပါတယ်။
ရွေးချယ်ပြီးတဲ့ ကစားသမားတွေကို England Premier League မစတင်ခင် ၂ နာရီအထိ လဲလှယ်ခွင့် ရှိပါတယ် ။ အကယ်၍ Premier League ကစနှင့်နေပြီး နောက်ကျမှ Account ဖွင့်ခဲ့တယ် ဆိုရင်တော့ နောက်တပွဲမစခင် ၂ နာရီအထိ လူလဲလို့ ရပါတယ်။အောက်မှာ ဆက်လက်ပြီး Design your kit မှနေ၍ အသင်းဝတ်စုံကို ကလိလိုရပါသေးတယ်ခင်ဗျ။ နောက် Post တွေမှာ Fantasy premier league ရဲ့ တခြား သိရမဲ့ အရာလေးတွေ တင်ပေးမှမို့ မကြာခဏ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။