Chip ဆိုတာကတော ပြိုင်ပွဲအတွင်း အသုံးပြုလို့ရတဲ့ မှော်ခလုတ်လေးတွေ ဖြစ်ပါတယ်။ Chip ၄ မျိုးရှိပြီး တပွဲကို တမျိုးသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မှော်ခလုတ်လေးတွေကတော့
- Bench Boost
- Triple Captain
- Free Hit
- First Wildcard
- Second Wildcard တို့ပဲ ဖြစ်ပါတယ်။

BENCH BOOST
Bench boost ဆိုတာကတော့ အရန်ကစားသမား တွေရဲ့ အမှတ်စာရင်းတွေကိုပါ ထည့်ပေါင်းပြီး ၁၅ ယောက်လုံးရဲ့ အမှတ်စာရင်း အကုန်ရမှာပါ ။
TRIPLE CAPTAIN
Triple Captain ကတော့ အသင်းခေါင်းဆောင် ပေးတဲ့သူရဲ့ အမှတ်က သုံးဆ ရရှိမှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် မပါခဲ့ရင် ဒုအသင်းခေါင်းဆောင်က အမှတ် သုံးဆ ရရှိမှာပါ။ ဒုအသင်းခေါင်းဆောင်ပါ မပါခဲ့ရင်တော့ အကျုံးဝင်မှာ မဟုတ်တော့ပါ။
FIRST WILDCARD
Wildcard ဆိုတာကတော့ ကစားသမား ဘယ်နှစ်ယောက်လဲလဲ အမှတ်မလျော့ပါဘူး ။ Deadline မတိုင်ခင်ထိ စိတ်ကြိုက်လဲလှယ်ခွင့်ရှိပါတယ် ။ ပထမရာသီဝက် မတိုင်ခင် အသုံးပြုလို့ ရမှာ ဖြစ်ပြီး ၂၀၂၀/၂၁ အတွက်ကတော့ 20-Dec-2020 နေ့ထိ နောက်ဆုံးအသုံးပြုရမှာပါ ။အကယ်၍ မသုံးခဲ့ရင်တော့ First Wildcard သက်တမ်းကုန်ဆုံးသွားမှာပါ။ ရာသီဝက် ပြန်စခဲ့ရင် First Wildcard က အသုံးပြုလို ရမည်မဟုတ်ပါ။
SECOND WILDCARD
Second wildcard ကတော့ ဒုတိယရာသီဝက် နောက်ပိုင်း သုံးလို့ရမှာ ဖြစ်ပါတယ်။

Chip တွေကို သုံးတဲ့ အခါမှာ တကယ်ကို ထိထိရောက်ရောက် သုံးနိုင်ရင်တော်တော်လေးကိုအကျိုးရှိပါတယ်။

တပတ်အတွင်း နှစ်ပွဲ ကန်ရမဲ့ ပွဲစဥ်တွေ ၊ ပထမ ရာသီဝက် နောက်ဆုံးပွဲစဥ် Boxing Day တွေမှာ တကယ်ကို အသုံးဝင်ပါတယ်။ သေချာစဥ်းစားပြီး Chip တွေကို မှော်ဆန်စွာ အသုံးပြုနိုင်ပါစေဗျာ။
