FPL League တခု တည်ဆောက်ခြင်း

ကိုယ်ဘော်ဒါ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သီးသီးသန့်သန့်ကစားမယ်ဆိုရင်တော့ ကိုယ်ပိုင် League တခုရှိဖို့လိုအပ်ပါတယ်။ Public League နဲ့ Private League ဆိုပြီး နှစ်မျိုးရှိပါတယ်။ Public League ကတော့ Official ကလုပ်ပေးထားတာကြောင့် အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ Private league ဆိုရင်တော့ ကစားမယ်ဆို league code လိုပါတယ်။ ဒီနေရာမှာ တခုပြောချင်တာက Public ပဲဖြစ်ဖြစ် Private ပဲဖြစ်ဖြစ် ကစားနည်းနှစ်နည်းနဲ့ ကစားလို့ရပါတယ်။ Classic နဲ့ Head to Head ဆိုပြီးတော့ပါ။

CLASSIC

League ထဲက အသင်းတွေရဲ့ အမှတ်အများဆုံးကနေစပြီး ကြီးစဥ်ငယ်လိုက် စီတာပါ

Classic Table

GW ကတော့ လက်ရှိပွဲ ရမှတ်ဖြစ်ပြီး TOT ကတော့ ပွဲစဥ် အားလုံးပေါင်း ရမှတ်ပါ။ Fantasy Premier League ကနေ Week Prize ကနေ ပွဲစဥ်အပြီး Overall Prizes ကို အခုရမှတ်ကနေ ပေးတာဖြစ်ပါတယ်။ ဆုဘယ်လိုပေးလဲဆိုတာကိုတော့ https://fantasy.premierleague.com/prizes မှာ အသေးစိတ် ကြည့်လို့ရပါတယ်။

HEAD TO HEAD ( H2H )

League ထဲက အသင်းတွေကို ပွဲစဥ်ဇယား တခုဆွဲပြီးတော့ အသင်းလိုက် ထိပ်တိုက်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ England Premier League ပွဲစဥ် ၃၈ ပွဲအတိုင်း ကိုယ်အသင်းက Game week ဘယ်လောက်မှာ ဘယ်အသင်းနဲ့ ပြိုင်ရမလဲဆိုတာကို ပွဲစဥ်ဇယားဆွဲပေးထားတာ ဖြစ်တာကြောင့် ကြိုတင်ခန့်မှန်းပြီး ကစားလို့ရတာမို့ H2H ကလူကြိုက်များပါတယ်။

H2H Game week result
H2H ရဲ့ အမှတ်ပေးဇယား တခုပါ

H2H က အခုလိုပုံစံပါ။

Public League ကစားမယ်

Browser တခုခုမှနေ၍ Login ဝင်ပြီးသွားပြီဆိုရင် More ထဲဝင်ပြီး Leagues ကိုရွေးပါ။

For Browsers
For Browser

Join public league ကိုရွေးပါ။

For Browser

Join classic league သို့ Join Head to Head ကြိုက်နှစ် သက်ရာရွေးပါ။ သတိထားရမှာက နှစ်ခုပေါင်း ၅ ခုပဲ ကစားလို့ရမှာကိုပဲ ဖြစ်ပါတယ်။

Public ကို League ခြောက်ခုမှာ ကစားခွင့်ပေးထားတယ် ဆိုပေမဲ့လည်း Global Leagues ကို Auto Join ထားတာဖြစ်တဲ့အတွက် နောက်ထပ် ငါးခုသာ ချိတ်လိုရတာဖြစ်ပါတယ်။

အောက်ကတော့ Phone ကနေဝင်တဲ့ ပုံစံပါ ။ Download လုပ်လိုပါက https://www.premierleague.com/pl-app ကနေ ယူလို့ရပါတယ်။

For Smartphones

More ထဲဝင်ပြီး Sign in လုပ်ပါ။

For Smartphones

Fantasy ကိုရွေးပါ။ Join FPL League ကိုရွေးပါ ။

For Smartphones

Classic သို့ Head to Head နှစ်မျိုးပေါင်း ငါးခုကိုရွေးပြီး ကစားနိုင်ပါပြီ။

Private League

Public ဝင်သည် ပုံစံနှင့် တူတူဖြစ်ပါသည်။ Private League လုပ်ပါက Browser ကနေသာ ဝင်ပါ ။ login >> More >> league >>Create and join new league စသဖြင့် ဝင်ပါ။

မိမိကစားလိုတဲ့ ကစားနည်းကိုရွေးပါ ။ Create classic league သို့ Create head-to-head league

Private Classic League

League name နေရာမှာ ကြိုက်နှစ်သက်ရာ အမည် ထည့်ပါ။ Create league ကို နှိပ်ပါ။

Private H2H League

League name ထည့်ပါ။ Game week1 မှ မှီခဲ့လျင် Game week 1 ကိုရွေးပါ ၊မမှီခဲ့လျင်လည်းစမည့် Game week တခုကို ရွေးပါ။ Maximum size မှာ ကစားမည့် အသင်းအရေအတွက်ကို ထည့်ပါ ၁၆ သင်း အထက် ကစားမည်ဆိုပါက Unlimited ကို ရွေးပါ ။

Knockout rounds ( None )

None ကို ရွေးထားပါက England Premier League Table ကဲသို့ အသင်းအားလုံးက ပွဲစဥ် ၃၈ ပွဲပြီးတဲ့အထိ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Knockout (1or2or3 )

Knockout ထဲမှာ ရွေးထားမယ်ဆိုရင်တော့ ရှံးထွက်ပုံစံတမျိုးနဲ့ ပြိုင်ရမှာပါ။ (1) ကိုရွေးထားမယ်ဆိုရင် ပွဲစဥ် ၃၈ မှာ တစ် နဲ့ နှစ် နေရာ ရထားတဲ့ အသင်းကသာ Final အဖြစ် နောက်ဆုံးပွဲကန်မှာ ဖြစ်ပြီး ၊ ( 2 ) ဆိုရင် ပွဲစဥ် ၃၇ မှာ ထိပ်ဆုံးလေးသင်းက Semifinals ပုံစံ ကန်ရမှာ ဖြစ်ပါတယ်။ ( 3 ) ဆိုရင်တော့ ပွဲစဥ် ၃၆ မှာ ထိပ်ဆုံး ရှစ်သင်းက Quarter > Semifinals > Final စသည်ဖြင့် ကန်ရမှာ ဖြစ်ပါတယ်။

H2H မှာ Knockout(None) ကိုပဲဆော့ဖြစ်တယ်ဗျ ဘာလိုလဲဆိုတော့ ပွဲစဥ် အကုန်လုံးမှာ အသင်းအကုန်လုံးက အသက်ရှိနေလိုပါ။

League code

Private league ထောင်ပြီးသွားရင် တခြား မိတ်ဆွေ အပေါင်းအသင်း ဝါသနာတူတွေကို တူတူဆောလို့ရအောင် Invite code ပို့ပေးရပါတယ် အဲ့ဒါမှ တခြားသူတွေက ကိုယ့် League ကို Join လို့ရမှာ ဖြစ်ပါတယိ။

ယခင်အတိုင်း more >> leagues >> ဝင်ပြီးပြီဆိုရင်တော့ အပေါ်က ပုံအတိုင်းတွေရပါမယ် ။ Code လိုချင်တဲ့ League Name( ဥပမာ- အချောကြီးတွေ) ကို နှိပ်လိုက်ပါ ။

Invite people to join this league ကိုနှိပ်ပါ

ရလာတဲ့ Code နဲ့ တခြားသူတွေကို မိမိ League ကိုဖိတ်ခေါ်ပြီး ပြိုင်ပွဲစလို့ရပါပြီ..

Leave a comment

Design a site like this with WordPress.com
Get started