ကစားသမား နေရာချထားမှု ( Pick Team)
ကစားသမား ဝယ်ယူမှု ၊အသင်း ခေါင်းဆောင် နဲ့ ဒုတိယ အသင်းခေါင်းဆောင် ရွေးချယ်မှု ၊အရန်ကစားသမား နေရာချထားမှုတွေက FPLမှာတကယ်ကို အရေးပါပါတယ် ။

ကွင်းလည်မှာရှိတဲ့ ကစားသမား ၁၁ ဦးရဲ့ ရမှတ်အားလုံးကိုပေါင်းပြီး ပွဲတပွဲရဲ့ အမှတ်စာရင်း ဖြစ်လာမှာပါ။ အပြင်ဘက်က ၄ ဦးကတော့ အရန်စာရင်းပဲ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ရွေးချယ်မှု ( C )

အသင်းခေါင်းဆောင် ပေးချင်တဲ့ ကစားသမားကို နှိပ်လိုက်ပါ။ပြီးရင် Captain or Vice Captain ကို အမှန်ပေးပြီး Confirm ကိုနှိပ်ပါ။ Full Profile ကိုနှိပ်ပြီး ပြီးခဲ့တဲ့ ပွဲတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်နိုင်ပါတယ်။
အသင်းကစားသမားရွေးချယ်မှုပြီးရင် အသင်းခေါင်းဆောင် (C) ရွေးချယ်ရတာက အရေးကြီးဆုံးပါပဲ ။ အသင်းခေါင်းဆောင် (C) က အမှတ်နှစ်ဆ ပိုရပါတယ် ဥပမာ ရမှတ် ၁၀ မှတ်ဆို နှစ်ဆ ၂၀ ဖြစ်သွားမှာပါ။ အမှတ်အများဆုံးရနိုင်တဲ့ ကစားသမားကို အသင်းခေါင်းဆောင်ပေးနိုင်လေ အသင်းနိုင်ဖို့ အခွင့်အရေးများလေ ဖြစ်တာကြောင့် သေချာစဥ်းစားပြီ ရွေးချယ်ပါ။
ဒုတိယ အသင်းခေါင်းဆောင် (V)
တခါတလေ ကိုယ်ပေးထားတဲ့ အသင်းခေါင်ဆောင်က မပါလာတာ ရှိတတ်ပါတယ်။ အဲလိုအချိန်ဆိုရင်တော့ ဒုတိယ အသင်းခေါင်းဆောင်က အလိုအလျောက် ( C ) နေရာကိုရပြီး အမှတ်နှစ်ဆ ရသွားမှာဖြစ်ပါတယ်။
အရန်အသင်း
မထင်မှတ်ပဲ ကစားပွဲ အခြေအနေကို ပြောင်းနိုင်တဲ့ အထဲမှာ အရန်စာရင်း လူ နေရာချထားမှုက အရေးပါပါတယ် ။ H2H ပွဲတွေမှာ အရန်စာရင်းနေရာချတာ ကောင်းလို့ နိုင်ပွဲရသွားတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ကစားသမား နေရာချပြီးရင် အရန်လူစာရင်းကို သေချာ ပြန်စစ်ဖို့ မမေ့ပါနဲ့ ။
အရန်စာရင်းက ပထမ နေရာချထားတဲ့ ကစားသမားက ကွင်းတွင်းမပါတဲ့ ကစားသမားနေရာကို အစားဝင်ရမှာပါ။အရန် အသင်းနေရာချထားပုံကတော့ ဂိုးသမား (GKP) ကတော့ ပုံသေနေရာ ရှိတဲ့အတွက်ကြောင့် ထည့်မရေပဲ ၎င်းနောက်မှ အစီအစဥ် အလိုက် ဦးစားပေး စာရင်း ဖြစ်ပါတယ်။

အရန်အသင်းမှ လဲလှယ်လိုတဲ့ ကစားကို နှိပ်ပါ Substitute ကိုနှိပ်ပါ ။

အနီရောင် ပေါ်နေတဲ့ အထဲကမှ လဲလှယ်လိုတဲ့ ကစားသမားကို နှိပ်ပါ ။Confirm နှိပ်ရင်ရပါပြီ။ အရန်ကစားသမား အချင်းချင်းလည်း နေရာ ရွေပြောင်းနိုင်ပါတယ်။
အခုမှ စဆော့မယ်ဆိုရင်တော့ အောက်က Link များမှာ သွားကြည့်နိုင်ပါတယ်။
