Fantasy Premier League ကို Sign Up လုပ်ပြီးလို့ Login ဝင်လိုက်ပြီ ဆိုတာနဲ့ ပေးထားတဲ့ ငွေ ၁၀၀ နဲ့ ကစားသမား ၁၅ ယောက်ဝယ်ယူရမှာ ဖြစ်ပါတယ်။ Sign Up မလုပ်ရသေးပါက အောက်ပါ Link များမှ ကြည့်ပြီး လုပ်နိုင်ပါတယ်။
- Fantasy Premier League ဘယ်လို ကစားရလဲ?
- Fantasy Premier League Sign Up လုပ်ရန်
- ကစားသမား ဝယ်ယူခြင်း
- FPL စည်းကမ်းချက်များ
- FPL League တခု တည်ဆောက်ခြင်း

ကစားသမား ၁၅ ယောက် ကို ပေးထားတဲ့ ၁၀၀ နဲ့ ဝယ်ရမှာ ဖြစ်ပါတယ်။

Pitch view ကိုပဲရွေးထားပါ။ ကစားသမားတွေပေါ်က အပေါင်း လက္ခဏာလေးတွေကို ထောက်ပြီး သက်ဆိုင်ရာ နေရာ အတွက် ရွေးချယ်နိုင်ပါတယ်။ Auto Pick ကိုနှိပ်ပြီးရွေးချယ်မယ် ဆိုပါက ကစားသမားတွေကို အလိုအလျောက် ရွေးချယ်ပေးမှာပါ။ စိတ်ကြိုက် ကစားသမား ၄ ၊ ၅ ယောက်လောက်ထည့်ပြီး Auto Pick ကိုနှိပ်ပြီးလည်း ရွေးချယ်နိုင်ပါတယ်။


သတ်မှတ်ငွေ ၁၀၀ ထက်ပိုမို ရွေးချယ်ထားမယ် (သို့) Premier League တသင်းထဲကမှ ကစားသမား သုံးဦးထက် ပိုမို ရွေးထားမယ် ဆိုပါက Enter Squad ကို နှိပ်လို့ ရမည်မဟုတ်ပါ။ အားလုံးမှန်မှန်ကန်ကန် ရွေးချယ်ပြီးပါက Enter Squad ကို နှိပ်လိုက်ပါ ။ အသင်းအတွက် ကစားသမား ရွေးချယ်မှု အောင်အောင်မြင်မြင် ပြီးသွားပြီ ဖြစ်ပါတယ်။

ရွေးချယ်ပြီးတဲ့ ကစားသမားတွေကို England Premier League မစတင်ခင် ၂ နာရီအထိ လဲလှယ်ခွင့် ရှိပါတယ် ။ အကယ်၍ Premier League ကစနှင့်နေပြီး နောက်ကျမှ Account ဖွင့်ခဲ့တယ် ဆိုရင်တော့ နောက်တပွဲမစခင် ၂ နာရီအထိ လူလဲလို့ ရပါတယ်။အောက်မှာ ဆက်လက်ပြီး Design your kit မှနေ၍ အသင်းဝတ်စုံကို ကလိလိုရပါသေးတယ်ခင်ဗျ။ နောက် Post တွေမှာ Fantasy premier league ရဲ့ တခြား သိရမဲ့ အရာလေးတွေ တင်ပေးမှမို့ မကြာခဏ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။
